(ပြည်တွင်း) ဧပြီ ၃
NLD အစိုးရ၏ ၂၀၂၀ ရွေးကောက်ပွဲမသမာမှုများ မဲလိမ်မဲခိုးမှုများ၏ နောက်ဆက်တွဲအဖြစ်ပေါ်ပေါက်လာသည့် လက်နက်ကိုင်ပုန်ကန်မှုများ ပစ်ခတ်တိုက်ခိုက်မှုများ သတ်ဖြတ်မှုများဆောင်ရွက်လျက်ရှိရာ ဧပြီလ ၃ ရက်နေ့ ညနေ့ ၄ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ ရွှေကန်တောင်ရပ်ကွက်၊ ဦးစန်းမောင်ဆီဆိုင်ရှေ့တွင်အမျိုးသား ၁ ဦးအသတ်ခံရကြောင်းသိရသည်။

အဆိုပါအသတ်ခံရသူသည် တောင်စွန်းကျေးရွာ ရပ်မိ/ရပ်ဖ ဦးကျော်ကျော်ဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူ PDF အင်အား ၅ ဦးမှ WISH အဖြူရောင်ယာဉ်ဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်သွားကြောင်းသိရသည်။
အကြမ်းဖက်သမားများ၏ပစ်ခတ်မှုကြောင့် ရပ်မိ/ရပ်ဖ ဦးကျော်ကျော်မှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်ချက်များကိုဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#PAN