(ပြည်တွင်း) ဧပြီ ၄
ဧပြီလ ၂ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူပျော်ရွှင်စွာ ရေကစားနိုင်ရန် ခရိုင်/ မြို့နယ်များ၌ ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် ၁၇၆ ခုနှင့် လမ်းလျှောက်သင်္ကြန်နှစ်ခုတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဦးစိုးသိန်း က ပြောခဲ့ပါတယ်။
ထို့အတူ မဟာသင်္ကြန်ပွဲတော်ကို ပြည်သူ့ရင်ပြင်၌ အများပြည်သူပျော်ရွှင်လွတ်လပ်စွာ ပါဝင်ရေကစား နိုင်ရန် တိုင်းဒေသကြီးဌာနဆိုင်ရာရေကစားမဏ္ဍပ် ၁၀ ခု၊ လမ်းလျှောက်သင်္ကြန်တစ်ခု၊ ဖျော်ဖြေရေးက မဏ္ဍပ် တစ်ခုကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
မဏ္ဍပ်များတွင် ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေးမည့် အစီအစဉ်များပါဝင်ကာ မြို့တော် ခန်းမရှေ့ မဟာသင်္ကြန်မဏ္ဍပ်တွင် ဌာနဆိုင်ရာကိုယ်စားပြု ယိမ်းအဖွဲ့များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အဖွဲ့များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များ၏ ဖျော်ဖြေမှုများဖြင့် နေ့စဉ်အလှည့်ကျ ဖျော်ဖြေတင်ဆက်နိုင်ရေး တို့ကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
#PAN
Telegram link
https://t.me/positiveanglenews
