ပျော်ဘွယ်မြို့နယ်တွင်ပျော်ဘွယ်မြို့နယ်တွင် နေအိမ်တွင် ထမင်းစားနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့် လာရောက်ပစ်သတ်


(ပြည်တွင်း)မတ် ၃၀

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ ပျော်ဘွယ်မြို့နယ် ဒီးဒုတ်ကုန်း ကျေးရွာတွင် နေထိုင်သည့် ဃကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို ယနေမွန်းလွဲ၁နာရီ၄၅မိနစ်အချိန်ခန့်က လူသတ်အကြမ်းဖက် PDF အဖွဲ့မှ နေအိမ်တွင် ထမင်းစားနေစဥ် သေနတ်ဖြင့် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

​ဖြစ်စဥ်မှာ ပျော်ဘွယ်-နတ်မောက်ကားလမ်း၏ ယာဘက်ခြမ်းရှိ ဃကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးတင့် သည် ၎င်း၏ဇနီး ဖြစ်သူ ဒေါ်ခင်မြိုင်၊ တစ်ရွာတည်းနေ ဒေါ်ယဉ်မေ တို့နှင့် အတူနေအိမ်၌ ထမင်းစားနေစဉ် အမည်မသိ PDF အကြမ်းဖက် အမျိုးသား ၂ ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်(စိစစ်ဆဲ) ၂ လက်ဖြင့်၊ ၆ ချက် ခန့်ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဦးစိုးတင့်၊ ၅၄ နှစ်၊ (ဘ)ဦးထွန်းစတွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်အလယ် ကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ ဝဲနံဘေးကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက် တို့ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ဒေါ်ယဉ်မေ၊ ၄၆ နှစ်၊ (ဘ)ဦးညွှန့်ရွှေတွင် ဝဲရင်ဘတ် အောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် တောင်ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင် ထားကြောင်း သိရသည်။

အခင်းဖြစ်နေရာမှ 9MM LUCER PMC တံဆိပ်ပါ ကျည်ခွံ ၄ တို့အား တွေ့ရှိရပြီး အခင်းဖြစ်နေရာအနီး ပတ်ဝန်းကျင်တစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိကြောင်း ကနဦးသတင်းရရှိသည်။

#PAN