မတ်၁၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးကျေးရွာ၌ အမျိုးသားတစ်ဦးကို ယမန်နေ့ညနေ ၆ နာရီ ၄၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်အဖွဲ့မှ ပစ်ခက်သဖြင့် သေဆုံးသူမှာ ဝမ်းတွင်းမြို့နယ်၊ ညောင်ဦးဖီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးတင်ဆင့်၊ ၄၅ နှစ်၊ (ဘ)ဦးချစ်ပုဖြစ်ပြီး ၎င်းတွင် ဝဲ-ပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာဘက်ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ဖျံ ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နံစောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။
ဖြစ်စဥ်မှာ သေဆုံးသူ ဦးတင်ဆင့်သည် ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးကျေးရွာနေ ဒေါ်သီဌေး၏ အလှုတော်မင်္ဂလာသို့ သွားရောက်စဥ် အလှုမင်္ဂလာမဏ္ဍာပ်၏တောင်ဘက် ပေ ၂၀၀ ခန့်အကွာ ခင်ကြီးကျေးရွာ ရွာအဝင်လမ်းမကြီးပေါ်အရောက်တွင် အမည်မသိ လူငယ် ၃ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်အတိုဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ သေဆုံးသူမှာ ယခင်က NLD အမာခံတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join