လျှပ်စစ်ကားနှင့် ဆက်စပ်ပစ္စည်းများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ


မတ် ၁၃

လျှပ်စစ်ကားနှင့် ဆက်စပ်ပစ္စည်းများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ


မတ် ၁၃

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြု ချက်ဖြင့် တင်သွင်းလာတဲ့ လျှပ်စစ်ကားများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန ကနေ သိရပါတယ်။

N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရောက်ရှိလာပြီး မတ်လ ၁၁ ရက်တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံထုတ် EV လျှပ်စစ်ကားများကို ယခင်က နှစ်နိုင်ငံနယ်စပ်မှ မြန်မာဘက်သို့ တင်သွင်းလျက်ရှိပြီး ယခုအခါ နယ်စပ်ဂိတ်ပေါက်များ ပိတ်ထားခြင်းကြောင့် ပင်လယ်ရေကြောင်းကနေတစ်ဆင့် တင်သွင်းနေခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ကားနှင့် ဆက်စပ်ပစ္စည်းများလည်း ရန်ကုန်ဆိပ်ကမ်းသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိခဲ့ပါတယ်။

တစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်း၌ EV ယာဉ်အမျိုးမျိုးအစီးရေ ၅,၀၀၀ ကျော် မှတ်ပုံတင်ထားပြီး ပြည်တွင်း၌ EV ယာဉ်နှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားတဲ့ ကုမ္ပဏီ ၈၀ ကျော်ရှိပြီး လက်ရှိတွင် လုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီ ၃၀ ကျော်ရှိကြောင်း သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN