နိုင်ငံအတွင်းရှိ ရှေ့ပြေးလူဦးရေစာရင်း ယခုနှစ် ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်မည် ဖြစ်ကြောင်းသိရ


မတ် ၁၃

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် တစ်နိုင်ငံလုံးမှာကောက်ယူမယ့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များအနက် ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန် သွားမှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနကနေ သိရပါတယ်။

အဆိုပါ ထုတ်ပြန်မယ့် ရှေ့ပြေးလူဦးရေစာရင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရှိ ကျား/မ လူဦးရေ၊ မြိုပြ/ကျေးလက်လူဦးရေနှင့် အသက်အရွယ်အပိုင်းအခြားအလိုက် လူဦးရေများ ပါဝင်မှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူဦးရေ ဆိုင်ရာအချက်အလက်များ၊ ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းသွားလာခြင်းများ၊ ပညာရေး အခြေအနေများ၊ နိုင်ငံတွင်းရှိ လုပ်သားအင်အား၊ မွေးဖွားမှုနှုန်း၊ သေဆုံးမှုနှုန်း၊ မသန်စွမ်းမှု အကြောင်းအရာများ၊ နေအိမ်ပိုင်ဆိုင်မှု အကြောင်းအရာများ စတဲ့အချက်အလက်များ ပါဝင်မည်ဖြစ်ကာ ၎င်းအနက်မှ လာမည့်ဒီဇင်ဘာလတွင် လူဦးရေစာရင်းကိုသာ ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး ကျန်အကြောင်းအရာများကိုတော့ လာမည့် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်များအတွင်းမှာ အပိုင်းလိုက်ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ် တွေမှာ ကောက်ယူ ခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နောင်နှစ်ပေါင်း ၃၀ ကျော်ကြာ ၂၀၁၄ ခုနှစ်မှသာ ပြန်လည်ကောက်ယူ နိုင်ခဲ့ရာမှ နောက်ထပ် ၁၀ နှစ်အကြာ ယခု ၂၀၂၄ ခုနှစ်မှာ ထပ်မံကောက်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN