ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူမရှိ

မတ်လ ၁၂
တိုက်ပွဲတွေပြင်းထန်ခဲ့သည့် ကယားပြည်နယ်တွင် စာစစ်ဌာနဖွဲ့စည်းထားခြင်းမရှိသကဲ့သို့ တက္ကသိုဝင်စာမေးပွဲဖြေဆိုသူမရှိဘူးများမရှိကြောင်း သိရသည်။
ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်နယ်အတွင်းမှ သိန်းနှင့်ချီသည့် ဒေသခံများသည် စစ်ဘေးနှင့်လွတ်ကင်းသည့်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။


တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုရမည့် ကျောင်းသူ ကျောင်းသားများပါဝင်နေပြီး ၎င်းတို့ရောက်ရာအရပ်များတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့်ပြည်နယ်နှင့်တိုင်းအစိုးရအဖွဲ့များမှ စီစဉ်ဆောင်ရွက်ပေးထားကြောင်းလည်း သိရှိရသည်။
ကယားပြည်နယ်တွင်နေထိုင်သူများမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ တောင်ကြီး ညောင်ရွှေ ရွှေညောင်နှင့်ကလောမြို့နယ်များတွင် အများအပြားခိုလှုံနေကြကြောင်းသိရသည်။
ကယားပြည်နယ်တွင် သောင်းကျန်းသူများ အကြမ်းဖက်အုပ်စုများမှ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများအား ဖမ်းဆီးခြင်း အကြမ်းဖက်ခြင်း ခြိမ်းခြောက်ခံရခြင်းများကြောင့် စာသင်ကျောင်းများကို ယနေ့အထိ ပိတ်ထားရကြောင်း သိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews