အလံဖြူထောင်ကာ ရုရှားနှင့်ဆွေးနွေးရန်တိုက်တွန်းသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ယူကရိန်းကန့်ကွက်


မတ် ၁၁

အလံဖြူထောင်ကာ ရုရှားနှင့်ဆွေးနွေးရန်တိုက်တွန်းသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ယူကရိန်းကန့်ကွက်

ပုပ်ရဟန်းမင်းကြီး၏ ရုရှားနှင့် စစ်ပွဲအဆုံးသတ်ရန်နှင့် စေ့စပ်ညှိနှိုင်းရန် ပန်ကြာချက်အား ယမန်နေ့ ၁၀ ရက်နေ့တွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးမှ ငြင်းဆိုခဲ့ကြောင်းသိရသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ပြီးခဲ့သည့်လတွင် ဆွစ်ဇာလန် ရုပ်သံလိုင်းတွင်ဖြေကြားခဲ့သည့် မှတ်ချက်နှင့် ပတ်သက်ပြီး ယခုလို တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ၎င်းတို့၏ အလံသည် အဝါရောင်နှင့် အပြာရောင်သာဖြစ်ကြောင်း ယူကရိန်းနိုင်ငံတော်အလံကို ရည်ညွှန်းက တုန့်ပြန် ကန့်ကွက်ခဲ့သည်။

သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ အခြားအလံကို လွှင့်ထူသွားမည်မဟုတ်ကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားတုန့်ပြန်ခဲ့သည်။

ယူကရိန်းပြည်သူများ ရုန်းကန်နေရချိန်တွင် ကူညီပံ့ပိုးပေးရန် ဗာတီကန်အား တိုက်တွန်းလိုကြောင်း ၎င်းကဆိုသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – https://positiveanglenews.com/2024/03/04/ကြွက်နားရွက်မှို-ရဲ့ကျန/
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN