ဗာဂျီးနီးယားလေယာဉ်ပျက်ကျမှုတွင် လူ ၅ ဦးသေဆုံး


မတ် ၁၁

ဗာဂျီးနီးယားလေယာဉ်ပျက်ကျမှုတွင် လူ ၅ ဦးသေဆုံး


မတ် ၁၁

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ် Ingall လေဆိပ်အနီးတွင် လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ရာ လူကြီး ၄ ဦးနှင့် အရွယ်မရောက်သေးသူတစ်ဦး စုစုပေါင်း ၅ ဦးသေဆုံးကြောင်း ဗာဂျီးနီးယားပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အင်ဂျင်နှစ်လုံးတပ် IAI Astra 1125 လေယာဉ်သည် မတ်လ ၁၀ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်တွင်ပျက်ကျခဲ့ကြောင်း FAA မှာ ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့မှ အဆိုပါလေယာဉ်အား ကိုယ်ပိုင်ဂျက်လေယာဉ်ဟု သတ်မှတ်ထားသည့် လေယာဉ်မှာ လေဆိပ်လမ်း 6200 ဘလောက်ရှိ တောအုပ်အတွင်းသို့ ပျက်ကျကာ မီးလောင်ကျွမ်းခဲ့သည်။

ဗာဂျီးနီးယားပြည်နယ်ရဲတပ်ဖွဲ့မှ မွန်းလွဲ ၂ နာရီ ၅၈ မိနစ်တွင် လေယာဉ် ပျက်မှုနှင့် ပတ်သတ်၍ ၎င်းတို့၏ 911 စင်တာမှ ဖုန်းလက်ခံရရှိခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။

လေယာဉ်ပျက်သည့်အကြောင်းအရင်းနှင့်ပတ်သက်ပြီး ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့နှင့် အမျိုးသားသယ်ယူပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့တို့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – https://positiveanglenews.com/2024/03/04/ကြွက်နားရွက်မှို-ရဲ့ကျန/
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN