LFA 181 ပြိုင်ပွဲမှာ ဗီယက်နမ်ဖိုက်တာ ကွမ်လီနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ချင်းတိုင်းရင်းသား ထီရယ်လ်ထန်


မတ် ၇

လာမယ့် ဧပြီလ ၅ ရက် အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်၊ ပရီရားလိတ်မြိုရှိ မိုင်စတစ်လိတ် ကာစီနို ဟိုတယ်မှာ ကျင်းပပြုလုပ်မယ့် LFA 181 ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန် နှင့် ဗီယက်နမ် ဖိုက်တာ ကွမ်လီ တို ယှဉ်ပြိုင်ထိုးသတ်သွားကြမှာ ဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲမှာ တွဲဆိုင်း ၇ ဆိုင်းပါဝင်မည်ဖြစ်ပြီး ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန် ဟာ ဒုခေါင်ပွဲအဖြစ် ဘင်တန်ဝိတ်တန်းမှာ ဗီယက်နမ်ဖိုက်တာ ကွမ်လီနှင့် ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ အဓိကခေါင်ပွဲမှာ LFA ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးလ်ဖိုက်တာ အက်ဒွါဒို နှင့် စိန်ခေါ်သူ အမေရိကန်ဖိုက်တာ ဟာနန်ဒက်ဇ် တို ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန်နှင့် ယှဉ်ပြိုင်ထိုးသတ်မယ့် ဗီယက်နမ်ဖိုက်တာ ကွမ်လီ ဟာ ပရော်ဖက်ရှင်နယ် MMA ပွဲ ၇ ပွဲ ထိုးသတ် ထားရာ ရှုးပွဲတစ်ပွဲမှမရှိဘဲ ၇ ပွဲစလုံး အနိုင်ရရှိထားပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN