အလုံမြို့နယ်၊ ဆင်ရေကန်လမ်းတွင် ရှေ့နေတစ်ဦးကို အမည်မသိအမျိုးသား သုံး ဦးမှ ဓားဖြင့်ခုတ်


မတ် ၇

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်၊ ဆင်ရေကန်လမ်း၊ အမှတ်(၈၄)ရှေ့တွင် မတ်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်က အမျိုးသား(၁)ဦးအား အမည်မသိအမျိုးသား ၃ ဦးမှဓားဖြင့် ခုတ်သဖြင့် လဲကျနေကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဦးနေလင်းအောင်၊ ၄၂ နှစ်၊ (ဘ)ဦးအောင်မြင့်၊ အမှတ်(၁၄ဝ၆)၊ ရတနာနှင်းဆီအိမ်ရာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူသည် ၄င်း၏ကိုယ်ပိုင်မော်တော်ယာဉ် TOYOTA CEISIOR ငွေမင်ရောင်အမျိုးအစားကားပေါ်မှဆင်းပြီး အလုပ်ကိစ္စဖြင့် လမ်းလျှောက်သွားနေစဉ် အမည်မသိအမျိုးသား ၃ ဦး ရောက်ရှိလာပြီး ၄င်း၏လက်အတွင်းမှ လက်ကိုင်ဖုန်းအား လုယူသဖြင့် ပြန်လည်ခုခံခဲ့ရာ ၎င်းတို့မှ အသင့်ပါလာသော ဓားများဖြင့်ခုတ်ခဲ့သဖြင့် ကိုနေလင်းအောင်တွင် ယာလက်မ/ လက်ညိုး ပြတ်ထွက်ဒဏ်ရာ၊ ဝဲလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ၊ ယာဒူးခေါင်း ၆ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ဝဲလက်သန်း ပြတ်ရှဒဏ်ရာ၊ ယာဝမ်းဗိုက်ပွန်းခြစ်ဒဏ်ရာများရရှိပြီး အမှတ်(၈၄) “ကိုရှည်ကြီးကားဝပ်ရှော့” ဆိုင်ရှေ့တွင် လဲကျနေခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားဒဏ်ရာ ရရှိသူ ဦးနေလင်းအောင်အား “ပြည်သူအပေါင်းလူရွှင်တော်(စမ်းချောင်း) နာရေးကူညီမှုအသင်း” မော်တော်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်းထားရှိပြီး ပြစ်မှုကျူးလွန်သူ အမည်မသိအမျိုးသား ၃ ဦးအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN