လကမ္ဘာပေါ်တွင် နျူကလီးယားစွမ်းအင်စက်ရုံ ပူးတွဲတည်ဆောက်ရန် ရုရှားနှင့် တရုတ် စဉ်းစားလျက်ရှိ


မတ် ၇

ရုရှားနှင့် တရုတ်နိုင်ငံတို့သည် လကမ္ဘာပေါ်တွင် နျူကလီးယားစွမ်းအင်စက်ရုံတစ်ရုံကို ပူးတွဲတည်ဆောက်ရန် စဉ်းစားလျက်ရှိကြောင်း ရုရှားအာကာသအေဂျင်စီ (Roscosmos) အကြီးအကဲ ယူရီဘိုရီဆော့က ပြောကြားထာသည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့အနေဖြင့် အနာဂတ်ကာလတွင် လကမ္ဘာပေါ်၌ လူသားများ အခြေချနေထိုင်နိုင်ရန်နှင့် စွမ်းအင်ထုတ်လုပ်ရန်အတွက် နျူကလီးယား စွမ်းအင်စက်ရုံကို လာမည့် ဆယ်စုနှစ်တစ်ခုအတွင်း လကမ္ဘာပေါ်၌ တည်ဆောက်ရန် စဉ်းစားနေခြင်းဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့် နည်းပညာကို ထုတ်လုပ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဘိုရီဆော့က မတ်လ ၅ ရက်တွင် ပြောကြားထားသည်။

လကမ္ဘာပေါ်တွင် ဆိုလာပြားများကို အသုံးပြုခြင်းအားဖြင့် စွမ်းအင်ထုတ်လုပ်ရာတွင် လုံလောက်မှုမရှိနိုင် သောကြောင့် နျူကလီးယားစွမ်းအင်ကို အသုံးပြုရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရုရှားနှင့် တရုတ်တို့ အနေဖြင့် ၂၀၃၃-၂၀၃၅ ခုနှစ်ခန့်လောက်တွင် လကမ္ဘာ၏မျက်နှာြပင်တွင် နျူကလီးယားစက်ရုံတစ်ရုံကို တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားထားသည်။

နျူကလီးယားစက်ရုံအတွက် လိုအပ်သည့် ဓာတ်ပေါင်းဖိုကိုမူ Robotics နည်းပညာကို အသုံးပြု၍ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

လကမ္ဘာ၏ မျက်နှာ ပြင် တွင် နျူကလီးယားစက်ရုံတစ်ရုံကို တည်ဆောက်ခြင်းသည် ခက်ခဲသောစိန်ခေါ်မှုတစ်ရပ်ဖြစ်သော်လည်း လူသားများ၏လုပ်အားကို အသုံးပြုခြင်းမရှိဘဲ Robotics နည်းပညာကိုသာအသုံးပြုလုပ်ဆောင်မည် ဖြစ်ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN