မြစ်ကြီးနားမြို့၊ ဂျိန်းဖော့်သူကားဂိတ်မှ စာရေးမဖြစ်သူ ယာဉ်တိုက်ခံရ၍ ‌နေရာ၌ သေဆုံး


မတ် ၇

ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်ဝန်းကျင်ခန့်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်း ရွှေလမ်းမကြီး ပေါ် Enrich bar မရောက်မီနေရာတွင် အမျိုးသမီးတစ်ဦး ကားတိုက်ခံရကာ နေရာ၌ သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်သည် သေဆုံးသူ အမျိုးသမီးသည် ဂျိန်းဖော့်သူကားဂိတ်မှ စာရေးမဖြစ်ပြီး အလုပ်သို့‌ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ယခုလိုလမ်း၌ ယာဉ်တိုက်ခံရခြင်းဖြစ်ကြောင်း၊ ၎င်းကို တိုက်မိသောယာဉ်သည် နောက်သို့ထပ်မံဆုတ်ရာ ဒုတိယအကြိမ် ထပ်မံကြိတ်ခံရသဖြင့်​ နေရာ၌ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရပြီး ယာဉ်တိုက်မှု ကျူးလွန်သောကားမှာ ထိုနေရာမှ ချက်ချင်းထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မြစ်ကြီးနာရင်ခွဲရုံသို့ ပို့ဆောင်ထားသည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဖွဲ့ထံမှ သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – https://positiveanglenews.com/2024/03/04/ကြွက်နားရွက်မှို-ရဲ့ကျန/
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN