မန်ယူနည်းပြတန်ဟတ်ဂ်နေရာအတွက် နည်းပြ(၃)ဦး ရေပန်းစား

မတ် ၇

မန်ယူအသင်းနည်းပြ အဲရစ် တန်ဟတ်ဂ်နေရာအတွက် ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီ၊ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်နဲ့ အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်တို့ ရေပန်းစားနေပါတယ်။

မန်ယူအသင်းဟာ လက်ရှိဘောလုံးရာသီမှာ ရလဒ်ဆိုးရွားနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း အခွင့်အလမ်းနည်းပါးနေပြီဖြစ်တာကြောင့် မန်ယူအသင်း နည်းပြတန်ဟတ်ဂ်ဟာ ထုတ်ပယ်ခံရဖို့ ရှိနေပြီး မန်ယူအသင်းတာဝန်ရှိသူတွေဟာ ရာသီသစ်မှာ ခန့်အပ်ဖို့ နည်းပြသစ်တဦး ရှာဖွေစောင့်ကြည့်နေကြောင်းလည်း သိရပါတယ်။

နည်းပြတန်ဟတ်ဂ်ရဲ့ မန်ယူအသင်းဟာ အမှတ်ပေးဇယားအဆင့်(၆)နေရာမှာ ဆက်လက်ရပ်တည်နေပြီး အဆင့်(၄)နေရာက ဗီလာနဲ့(၁၁)မှတ်၊ အဆင့်(၅)နေရာက တစ်ပွဲလျော့စပါးနဲ့ (၆)မှတ် ကွာဟလျက်ရှိပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)အဖြစ် လာမယ့် စနေနေ့ မြန်မာစံတော်ချိန် ည ၇:၀၀ နာရီအချိန်တွင် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။