ဘီးလင်းနတ်ကြီးတံတားကို KNU မိုင်းခွဲဖျက်ဆီး

မတ် ၆


ဘီးလင်းမြို့မှ မိုင် (၁၈)မိုင်ခန့်အကွာတွင်ရှိသည့် နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာ၊ ဘီးလင်း- နတ်ကြီး- ဖာပွန်သွားကားလမ်း၊ မှတ်တိုင်အမှတ် (၁၇/၇)နှင့် (၁၈/၀)အကြားမှ တံတားအမှတ် (၆/၁၈) ပျဉ်သာတံတားကို မတ်လ ၃ ရက် နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် KNU နှင့် PDF ပူးပေါင်းအဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲလိုက်ကြောင်း သိရသည်။

တံတားအရှည် ပေ(၁၂၀)၊ တံတားအကျယ် (၂၄)ပေ၊ သံကူကွန်ကူကရစ်အမျိုးအစား ပျဉ်သာတံတား မိုင်းထောင်ဖောက်ခွဲခံလိုက်ရသည့်အတွက် တံတားတစ်ခြမ်းကျိုးကျကာ လမ်းပြတ်တောက်မှုဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။


အဆိုပါတံတားသည် မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းတွင်ရှိပြီး ဒေသခံများအသုံးပြုနေသည့်တံတားဖြစ်ကာ မိုင်းခွဲခံရခြင်းကြောင့် ဖက် ဝါး မီးသွေး စသည့် ဒေသထွက်ကုန်အချို့ ရပ်တန့်သွားနိုင်သည်ဟု ဒေသခံများကပြောသည်။

PAN