အောင်မြေသာစံမြို့နယ်တွင် ဆိုလာ အင်ဗာတာဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

မတ် ၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊အကွက် (၃၁)၊၇၆ လမ်း၊၃×၄ လမ်းကြားတွင် ယနေ့ နံနက် ၄နာရီကျော်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်နေ ပြည်သူ များမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် နံနက်၄နာရီခွဲ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက်၄နာရီ၄၅မိနစ် အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါ မီးလောင်မှုကြောင့် ၃၀×၂၀ ပေရှိ သွပ်မိုး၊ သွပ်ကာ၊အင်္ဂတေခင်း ခေါက်ဆွဲဆိုင်၊၎င်းဆိုင်နှင့်တွဲဆက်လျှက် ၂၅×၂၀ပေရှိ သွပ်မိုး၊အုတ်ကာ၊အင်္ဂတေခင်း ၂ ထပ်နေအိမ် ၁ လုံး၊၄ဝ×၃ဝရှိ (တွင်ခုံဆိုင်၊ဖိနပ်ဆိုင်၊အထည်ဆိုင်)ဖွင့်လှစ်ထားသည့် ဆိုင်ခန်း ၃ခန်း၊သွပ်မိုး၊သွပ်ကာ၊အင်္ဂတေခင်း အဆောက်အဦး ၁ခုနှင့် အဆောက်အဦးအတွင်းရှိ အသုံး အဆောင်ပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၁၅၀ခန့် မီးလောင်ဆုံးရှုံးခဲ့ပါသည်။

ဆိုင်ပိုင်ရှင် ဒေါ်စန်းဝင်း၏ ပစ်တိုင်းထောင် ခေါက်ဆွဲဆိုင်နှင့်နေအိမ် အိမ်မကြီးသို့ တွဲဆက်ထားသည့် အိမ်တိုင်ခြေတွင် တပ်ဆင်ထားသော ဆိုလာစနစ်ဖြင့် အသုံးပြုသည့် အင်ဗာတာ အတွင်းရှိ ဝါယာကြိုးများ အပူလွန်ကဲ၍ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးပေါ့ဆစွာအသုံးပြုသူ ဒေါ်စန်းဝင်း၊ ၆၈နှစ်၊(ဘ)ဦးပု၊စျေးရောင်း၊အကွက်(၃၁)၊၇၆လမ်း၊၃×၄ လမ်းကြား၊ဥပုသ်တော်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူအား ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။