ဖိုဒန်က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားပဲလို့ ချီးကျူးလိုက်တဲ့ ဂွါဒီယိုလာ

မတ် ၄

ကွင်းလယ်ကစားသမားဖိုဒမ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမား ဖြစ်လာပြီလို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ချီးကျူးပြောသွားပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)အဖြစ် မနေ့ည ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ဖိုဒမ်က ခြေစွမ်းပြပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်မှာတော့ အိမ်ရှင် မန်စီးတီးအသင်းက မန်ယူအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဂွါဒီယိုလာက- ”ဖီးလ် ဖိုဒန်က ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားပါပဲ၊ ဘယ်ကစားသမားကမှ ကျနော်တို့ အသင်းအတွက် သူ့လောက် အဆုံးအဖြတ် ကစားသမားမဖြစ်ဘူး၊ မယုံကြည်နိုင်စရာပါပဲ” လို့ ပွဲအပြီးမှာတော့ ဖိုဒမ်ရဲ့ခြေစွမ်းဟာ ကမ္ဘာ့အဆင့်ဖြစ်လာပြီလို့ ချီးကျူးပြောကြားသွားပါတယ်။

အသက်၂၃နှစ်ရှိ ဖိုဒန်ဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံမှာ 18 goals သွင်းပြီး 10 assists ဖန်တီးမှု လုပ်ထားခဲ့ပြီး အကောင်းဆုံးပုံစံကို ပြသနေပါတယ်။