တရုတ်နိုင်ငံကူမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ မီဒီယာများ၊ အဖွဲ့အစည်းများ၏မေးမြန်းမှုများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ အသိပေးပြောကြားချက်


မတ် ၄

ဒီနေ့မှာတော့ ကျွန်တော်တို တရုတ်နိုင်ငံကူမင်းမြိုမှာကျင်းပပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မီဒီယာများ၊ အဖွဲအစည်းများမေးမြန်းထားတာကို ပြန်လည်အသိပေးသွားပါမယ်။ ဒါနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲအကြောင်းအရာတွေ သဘောတူညီမှုများနဲ့ပတ်သက်ပြီး တိကျခိုင်မာမှုမရှိဘဲနဲ့ လိုရာဆွဲပြီးပြောဆိုနေတာတွေ၊ ဖြစ်ချင်နေတာတွေကို ပြောဆိုနေတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ပထမဦးဆုံးအသိပေးလိုတာကတော့ ဒီဆွေးနွေးမှုကို ယခုလဆန်းပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးရမှာတွေကို မထိခိုက်စေရေးအတွက် ဆွေးနွေးတဲ့အချက်အလက်များကို နှစ်ဦးနှစ်ဘက်က ထုတ်ဖော်မပြောဖို သဘောတူထားတဲ့ ဆွေးနွေးပွဲအမျိုးအစားများဖြစ်ကြောင်း အသိပေးလိုပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဆွေးနွေးပွဲအကြောင်းအရာများနဲ့ သဘောတူညီချက်များကို ပြောကြားမှာမဟုတ်ပါဘူး။ ဖြစ်ပေါ်နေတဲ့ကောလာဟလအပေါ်မှာ ကျွန်တော်တို ပြည်သူလူထု၊ မီဒီယာများ သိသင့်သိထိုက် အသိပေးရမှာကိုပဲ ပြောကြားလိုပါတယ်။ အဲဒါတွေကတော့-

  • နံပါတ် ၁ အချက်အနေနဲ့ ကျွန်တော်တိုနိုင်ငံရဲ့ နိုင်ငံပိုင်နက်နယ်နိမိတ် အချုပ်အခြာအာဏာ Sovereignty သည် ဆက်လက်ခိုင်မြဲနေမှာဖြစ်ပါတယ်။
  • နံပါတ် ၂ အနေနဲ့ကတော့ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတည်ငြိမ်ရေးကိုရှေးရှုပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ပဋိပက္ခလျှော့ချရေးလမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေပါတယ်။
  • နံပါတ် ၃ အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတိုဟာ ၂ နိုင်ငံအစိုးရများရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိမှာဖြစ်ပါတယ်။
  • နံပါတ် ၄ အနေနဲ့ ကတော့ တရုတ်၊ မြန်မာ ၂ နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာအစိုးရအနေနဲ့ အလေးထားကာကွယ်မှုများ ဆောင်ရွက်နေပါတယ်။ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
  • နံပါတ် ၅ အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးကို ထိခိုက်စေတဲ့ မူးယစ်ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုတွေ၊ ဆိုက်ဘာမှုခင်းကိစ္စတွေကို နှစ်နိုင်ငံအစိုးရနှစ်ရပ်ပူးပေါင်းပြီး ပြတ်ပြတ်သားသား ဆက်လက် နှိမ်နင်းသွားမှာဖြစ်ပါတယ်။
  • နံပါတ် ၆ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ပိုင်နက်နယ်မြေကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားကိုထိခိုက်အောင်လုပ်ဆောင်တဲ့ မည်သည့်လုပ်ဆောင်မှုကိုမှ မြန်မာနိုင်ငံက လက်ခံမှာမဟုတ်ပါဘူး။
  • နံပါတ် ၇ အနေနဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖြစ်မြောက်အောင်လုပ်ဆောင်ပေးတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနဲ့ သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN