
မတ် ၃
ယနေ့ မနက် ၆ နာရီ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဟေမန်ကျေးရွာအုပ်စု၊ ဟေမန်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ၏ နေအိမ်ရှေ့ ကုန်စိမ်းလှည်းအပေါ်တွင် ခြိမ်းခြောက်စာတစ်စောင် ထားသွားကြောင်း သိရှိရပါသည်။
ဖြစ်စဉ်တွင် ဟေမန်ကျေးရွာနေ (ဘ)ဦးဖိုးဆယ် ၏သား ဦးသန်းမောင်(ပြည်ခိုင်ဖြိုးဝန်းရံသူ)၊ နေအိမ်ရှေ့ ကုန်စိမ်းလှည်းအပေါ်တွင် ခြိမ်းခြောက်စာတစ်စောင် တွေ့ရှိရသဖြင့် မနက် ၆ နာရီ ၃၀ မိနစ်နာရီအချိန်ခန့်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးခဲ့ ကြောင်းသိရှိရသည်။
အဆိုပါ ခြိမ်းခြောက်စာတွင် ဆဲဆိုထားသော စာသားအပါအဝင် ကြောက်ချီးပန်းမနေနဲ့ သေဖို့နီးလာပြီ ရက်မကြာ သဘက်ခါမှတ်ထား ဟူသောစာသားကို ရေးသားထားကြောင်း တွေ့ရှိရသည်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
VK – https://vk.com/public220066330
Like, Share, Follow, Subscribe, Join လုပ်ပေးကြပါအုံးနော် –
ကျေးဇူးတင်ပါတယ်။