လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေး ကြိုးပမ်းမှုကြောင့် မိုးကောင်းတံတား ကားကြီးကားငယ် ယာယီဖြတ်သန်းနိုင်ပြီ


ဖေဖော်ဝါရီ ၂၈

မွန်ပြည်အတွင်း လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရန်၊ ကုန်စည်စီးဆင်းမှုမပြတ်တောက်စေရန်အတွက် ပြည်နယ်အစိုးရ၏ကြီးကြပ်ကွပ်ကဲမှု၊ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် သောင်းကျန်းသူများ ဗုံးခွဲဖျက်ဆီးလိုက်သည့် သထုံမြို့နယ် မိုးကောင်းတံတားကို ​ကာကြီး ကားငယ် ယာယီအသုံးပြုနိုင်​ပြီဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၈ ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းဘုရားအနီး ရန်ကုန်-မော်လမြိုင် လမ်းကြီးပေါ် ရှိ မိုးကောင်းကျေးရွာရှိ မိုင်တိုင်အမှတ် ၁၃၅/၇ နှင့် ၁၃၆/၀ ကြားရှိတံတားကို KNU,PDFများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း တင်ပြပြီး ဖြစ်ပါသည်။

အဆိုပါ အကြမ်းဖက်များ မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားတစ်စင်းလုံး ပြိုပျက်သွားခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရွှေသံလွင်ကုမ္ပဏီမှ လမ်း/တံတားမန်နေဂျာ အပါအဝင် ၃၅ ဦးမှ ဘက်ဟိုး ၂ စီးတို့ဖြင့် ပြန်လည်ပြင်ဆင်ခြင်းများဆောင်ရွက်ခဲ့ရာ ကားကြီး ကားငယ်အားလုံး ညနေ ၆ နာရီ ၂၀ မိနစ်အချိန်မှ စတင်ကာ ယာယီဖြတ်သန်းနိုင်ပြီဖြစ်ကြောင်းသိရသည်။

မြေသားဖို့ပြီးစီး‌သော တံတားတခြမ်းမှ ကားကြီး ကားငယ်များအား အလှည့်ကျ ဖြတ်သန်းသွားလာနေပြီဖြစ်ပြီး ကျန်တစ်ခြမ်းကိုလည်း ဆက်လက်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

PAN