မြစ်ကြီးနားသို့ အချုပ်သားများပို့ဆောင်ပြီးပြန်လာသည့် အချုပ်ကားကို အကြမ်းဖက် PDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်


ဖေဖော်ဝါရီ ၂၈

ယနေ့မွန်းလွဲ ၃ နာရီချိန်ခန့်တွင် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့ ၊ မြို့မရဲစခန်းမှ မြစ်ကြီးနားသို့ အချုပ်သားများပို့ဆောင်ပြီး ဝိုင်းမော်မြို့သို့ပြန်လာသည့် အချုပ်ကားကို အကြမ်းဖက် PDF အဖွဲ့က မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အချုပ်ကားပြန်လာသည့် မြစ်ကြီးနား-၀ိုင်းမော်ကားလမ်းကြောင်းပေါ်ရှိ နောင်တာလောရွာရှေ့အရောက်နေရာ၌ အကြမ်းဖက် PDF များက မိုင်းထောင် ဖောက်ခွဲခဲ့၍ ယဥ်ပေါ်ပါ ရဲတပ်ကြပ် ၁ ဦးဒဏ်ရာရရှိခဲ့သောကြောင့် မြစ်ကြီးနား စစ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယင်းနေရာသို့ တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရာ အကြမ်းသမား PDF ၃ ဦးမှ မိုင်းဖြင့်ပစ်ပေါက်ဖောက်ခွဲခြင်း၊ လက်နက်ငယ်များဖြင့် ပြန်လည် ခုခံပစ်ခတ်ခြင်းများရှိခဲ့ပြီး အဆိုပါ PDF ၃ ဦးသည် နောင်တာလော အုတ်ဖိုများရှိရာဘက်သို့ ဆုတ်ခွာထွက်‌ပြေးသွားကြ ကြောင်းသိရသည်။

#PAN