YONEX German Open 2024 မှာဝင်ရောက်ယှဥ်ပြိုင်မယ့် သက်ထားသူဇာ


ဖေဖော်ဝါရီ ၂၇

မြန်မာ့ကြက်တောင် အားကစားမယ် သက်ထားသူဇာ ဟာ YONEX German Open 2024 မှာ ဝင်ရောက် ယှဥ်ပြိုင်မယ်လို သိရပါတယ်။

အဆိုပါ ပြိုင်ပွဲကို ဂျာမနီနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၃ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ အထိ ဆုချီးမြှင့်သွားမယ်လို သိရပါတယ်။

သက်ထားသူဇာ ဟာ အဆိုပါ ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ၃၂ ဦးအဆင့်မှ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့ပြီး ကမ္ဘာ့အဆင့်(၅၂)ရှိ အက်စတိုးနီးယား ကြက်တောင်မယ် Kristin Kuuba နှင့် ဖေဖော်ဝါရီလ ၂၈ ရက်မှာ ယှဥ်ပြိုင်ကစားရမယ်လို သိရပါတယ်။

ကမ္ဘာ့ကြက်တောင်အဖွဲချုပ် လက်ရှိသတ်မှတ်ထားတဲ့ အမျိုးသမီးတစ်ဦးချင်းအဆင့်မှာ သက်ထားသူဇာ အနေနဲ့ လက်ရှိကမ္ဘာ့အဆင့်(၄၂)ဖြစ်ပြီး 2024 Paris Olympics ကို ဝင်ရောက်နိုင်ရန်အတွက် လိုအပ်တဲ့အမှတ်များ စုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားသွားမယ်လို သိရပါတယ်။