ကလေးတက္ကသိုလ်မှ ဆရာများနှင့် ကျောင်းသား/သူများအား အကြမ်းဖက် PDF များက ဝင်ရောက်ဖမ်းဆီး


ဖေဖော်ဝါရီ ၂၆

ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်သို့ မှ ဆရာများနှင့် ကျောင်သူ/ကျောင်းသားများကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ PDFအကြမ်းဖက်အင်အား ၁၃၀ ဦးခန့်သည် ကလေးတက္ကသိုလ်အတွင်းသို့ တောင်ဘက်ခြမ်းမှ ဝင်ရောက်လာကာ ရူပဗေဒနှင့် သတ္တဗေဒ စာသင်ဆောင်တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရုံးဝန်ထမ်းများကို ဖမ်းဆီးနေကြောင်း တာဝန်သိဝန်ထမ်းများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အချိန်မီသွားရောက်ကယ်ဆယ်ခဲ့ရာ PDF အကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်၏ အရှေ့ ဘက်နှင့် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားရာ ကလေးတက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များမှ ဖမ်းဆီးခံထားရသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ရုံးဝန်ထမ်းစုစုပေါင်း ၂၈၅ ဦးကို တပ်မတော်စစ်ကြောင်းက အချိန်မီပြန်လည် ကယ်ဆယ်နိုင်ခဲ့သော်လည်း အကြမ်းဖက်သမားများအနေဖြင့် အချို့သော ဝန်ထမ်း၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ(စိစစ်ဆဲ)တို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါ ကယ်ဆယ်ရေးဖြစ်စဉ်အတွင်း မိမိဘက်မှထိခိုက်မှုမရှိဘဲ PDF အကြမ်းဖက်သမားများထံမှ အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရှိရသည်။

PDF အကြမ်းဖက်သမားများသည် ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိသားစုဝင်များနှင့် ရုံးဝန်ထမ်းကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်းမရှိသော စစ်ဘက် ပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် အကာအကွယ်ယူတိုက် ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက် ဖျက်ရေး ဥပဒေရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည် ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် အင်အား(စိစစ်ဆဲ)ဆရာ/ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

PAN