ဗဟိုဘဏ်က ဒေါ်လာ ၈ သန်း နဲ့ ဘတ်သန်း ၂၀၀ ထပ်မံရောင်းချပေးမည်


ဖေဖော်ဝါရီ ၂၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၈ သန်းနဲ့ ထိုင်းဘတ်သန်း ၂၀၀ ကို ဖေဖော်ဝါရီလ ၂၆ ရက်မှာ ထပ်မံရောင်းချပေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ ပိုကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို (၈)ကြိမ်မြောက်အဖြစ် ရောင်းချပေးမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်နဲ့ ထိုင်းဘတ် သန်း ၈၅၀ အထိ ရောင်းချပြီးဖြစ်တယ်လို သိရပါတယ်။

အခုလို နိုင်ငံခြားငွေတွေ တရားဝင်ထုတ်ရောင်းပေးတဲ့အတွက်လည်း ပိုကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံခြားငွေဝယ်ယူရေးအခက်အခဲကို အထိုက်အလျောက် ဖြေရှင်းနိုင်မှာဖြစ်တယ်လိုလည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန် ဒေါ်လာသန်း ၇၀ နီးပါးနဲ့ ထိုင်းဘတ် သန်း ၃၀၀ အထိ ရောင်းချပေးခဲ့တယ်လို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်မှာတော့ ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃,၄၇၀ နီးပါးနဲ့ ထိုင်းတစ်ဘတ်ကို မြန်မာငွေ ၁၀၀ ကျပ်နီးပါး ပေါက်ဈေးရှိနေပါတယ်။