ရီးရဲလ်မက်ဒရစ် ကစားသမား ဖြစ်လာတော့မယ့် အမ်ဘာပေ

ဖေဖော်ဝါရီ ၂၁

ပြင်သစ်လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘတ်ပေဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် အပြီးသတ်သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သတင်းများရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက်၂၅နှစ်ရှိ အမ်ဘတ်ပေနဲ့ ရီးရဲလ်တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ၂ ပတ်ကတည်းက ဆွေးနွေးမှုအောင်မြင်ခဲ့တာဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကာ လက်မှတ်ထိုးကြေးအဖြစ် ယူရို သန်း ၅၀ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

အမ်ဘတ်ပေကို ဘာနေဗျူးကွင်းသစ်ကြီးမှာ မိတ်ဆက်ပွဲပြုလုပ်သွားမှာဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့မှာ တရားဝင်ကစားသမားဖြစ်လာမယ်လို့ သိရပါတယ်။