အဝလွန်နေသည့် နေမာကို အယ်လ်ဟီလာပရိသတ်များ လှောင်ပြောင်

ဖေဖော်ဝါရီ ၂၀

အယ်လ်ဟီလာအသင်း၏ ပရိသတ်များသည် အဝလွန်နေသည့် တိုက်စစ်မှူး နေမာကို လူမှုကွန်ရက်တွင် လှောင်ပြောင်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အသက်၃၂နှစ်ရှိ နေမာဟာ ၂၀၂၃ နွေရာသီတွင် PSG မှ အယ်လ်ဟီလာအသင်းသို့ ယူရိုသန်း(၉၀)ဖြင့် ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်လစာ ယူရိုသန်း (၁၅၀)ရရှိနေသော်လည်း တံကောက်ကြောဒဏ်ရာကြောင့် (၅)ပွဲသာကစားနိုင်ပြီး အနားယူခဲ့ရပါတယ်။

ဒဏ်ရာပျောက်ကင်းပြီဖြစ်၍ အသင်းနှင့် ပြန်လည်ပူးပေါင်းလေ့ကျင့်ရာတွင် အဝလွန်နေခြင်းကြောင့် ပရိသတ်များက လှောင်ပြောင်ခဲ့ကြခြင်းဖြစ်ပြီး ပရိသတ်အချို့က အနားယူသင့်ပြီဟုပင် ရေးသားခဲ့ကြပါတယ်။