ကုန်စျေးနှုန်းသတင်း


ဖေဖော်ဝါရီ ၂၀

ဖေဖော်ဝါရီလ ၂၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲဈေး ဆက်တိုက် ကျဆင်းနေသလို ပဲလွန်းဖြူ၊ ပဲကြီးနဲ့ ကုလားပဲဈေးတွေလည်း အနည်းငယ် ကျဆင်းလာပါ တယ်။

ပဲစဉ်းငုံနီဈေး အနည်းငယ် တက်လာပေမယ့် ပြောင်းဆန်နဲ့ အခြားပဲအများစု ဈေးတွေကတော့ ဈေးငြိမ်နေပါ တယ်။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူဈေးတွေ အနည်းငယ် တက်လာပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၁၀၀,၂၈၆ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၀၇,၃၅၇ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၅,၀၆၅ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၅,၆၇၉ ကျပ်၊ ကုလားပဲဖြူလုံးအသေး တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၄,၇၅၀ ကျပ်၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၃၅၀ ကျပ်ကနေ ၆,၆၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၀၈၀ ကျပ်ကနေ ၁,၁၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၃၀ ကျပ်ကနေ ၃,၈၈၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၃,၈၃၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၃,၉၅၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂,၈၃၀ ကျပ်ကနေ ၄,၅၀၀ ကျပ်၊ ပဲယင်းနီ တစ်ပိဿာကို ၃,၈၆၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၃,၂၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၉,၂၀၀ ကျပ်ကနေ ၉,၄၀၀ ကျပ်၊ ငရုတ် (ပန်းရဲ) တစ်ပိဿာကို ၉,၀၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၁,၉၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၉၆၀ ကျပ်ကနေ ၃,၉၈၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာ ကို ၁၀,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၅,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက် အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၆၅ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃,၅၉၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၂,၆၇၀ ကျပ် ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ –
-Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၇၇၀ ကျပ်၊ မန္တလေးမှာ ၂,၈၁၅ ကျပ်၊ နေပြည်တော်မှာ ၂,၈၁၀ ကျပ်။
-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၇၅ ကျပ်၊ မန္တလေးမှာ ၂,၉၂၅ ကျပ်၊ နေပြည်တော်မှာ၂,၉၂၅ ကျပ်။
-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၉၅ ကျပ်၊ မန္တလေးမှာ ၂,၆၄၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၄၀ ကျပ်။
-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၄၀ ကျပ်၊ မန္တလေးမှာ ၂,၆၉၀ ကျပ်၊ နေပြည်တော်မှာ၂,၆၉၀ ကျပ် ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၃,၆၃၇,၈၀၀ိ/-) သုံးဆယ် ခြောက်သိန်း သုံးသောင်း ခုနစ်ထောင် ရှစ်ရာ ကျပ် ရှိပြီး ပြင်ပ ပေါက်ဈေးမှာ (၃,၉၀၀,၀၀၀ိ/-) သုံးဆယ် ကိုးသိန်း ကျပ် ရှိနေတယ်လို သိရပါတယ်။