ဟုမ္မလင်းမြို့နယ် နှင့် ကန့်ဘလူမြို့နယ်တို့တွင် နယ်မြေလုံခြုံရေးစစ်ကြောင်းများက အကြမ်းဖက် PDFအဖွဲ့များကို လိုက်လန်ရှင်းလင်းရာ အလောင်း၊လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ဖေဖော်ဝါရီ ၁၆ ရက်

ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဇီးပင်သာကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက် PDF များက ချောင်းမြောင်းတိုက်ခိုက်လာသဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မိနစ်အနည်းငယ်အကြာ အပြန်လှန်ပစ်ခတ်ရာ အကြမ်းဖက်အဖွဲ့များထံမှ အကြမ်းဖက် PDF ၄ လောင်း၊ အမ်-၂၂ သေနတ် ၁ လက်၊ အမ်-၂၂ ကျည်အိမ် ၃ ခု၊ အမ်-၂၂ ကျည် ၅၀ တောင့်၊ ဘီအေ-၆၃ ကျည်အိမ် ၂ ခု၊ ၇.၆၂ မမ ကျည် ၁၈၀ တောင့်၊ လက်ပစ်ဗုံး ၇ လုံးတို့ သိမ်းဆည်းရမိကြောင်း သိရသည်။

ထိုအတူ ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်လည်း ကန့်ဘလူမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီးမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်လုပ်တစ်တောင့်ထိုးသေနတ် ၃ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ Mavic Pro Drone ၁ စီးတို့ကို သိမ်းဆည်းရရှိမိပြီး အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်‌ပြေးသွားကြကြောင်း သိရှိရပါသည်။

စစ်ကိုင်း‌တိုင်းဒေသကြီးအတွင်း အကြမ်းဖက်နှိမ်နင်းရေး ထိုးစစ်ဆင်တရပ်ပြုလုပ်လျှက်ရှိရာ အကြမ်းဖက်စခန်းများ၊ အကြမ်းဖက်အဖွဲ့ဝင်များ သေဆုံးထိခိုက်ကျဆုံးမှု များစွာရှိကြောင်း မြေပြင်သတင်းများအရ သိရှိရသည်။

PAN