PSGအသင်းမှ ထွက်ခွါတော့မယ့် အမ်ဘာပေ

ဖေဖော်ဝါရီ ၁၆

PSGအသင်းရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းတော့မယ့် အကြောင်းကို အသင်းရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီဆီ တရားဝင် အသိပေးလိုက်ပြီလို့ သိရှိရပါတယ်။

ဒါကြောင့် လာမယ့်နွေဈေးကွက်မှာ ဘတ်ပီက သူ့စိတ်ကြိုက်အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားနိုင်တော့မှာဖြစ်ပါတယ်။

PSGနဲ့ အမ်ဘက်‌ပေ တို့ဟာ လာမည့်လတွေမှာ ၎င်းထွက်ခွာမယ့် terms တွေနဲ့ ပက်သက်ပြီး ညှိနှိုင်းမှုတွေ လုပ်သွားမှာဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းဟာ အမ်ဘက်ပေကို ခေါ်ယူနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်နေပြီး အပြောင်းအရွှေ့ ဖြစ်လာရန် ဆက်လက် ကြိုးစားနေပါတယ်။