ဘီးလင်းမြို့နယ်၊အကြမ်ဖက် KNU/PDF အဖွဲ့မှ ထရန်စဖော်မာအား မိုင်းခွဲဖျက်ဆီး

ဖေဖော်ဝါရီ ၁၅
ယနေ့ နံနက် ၄ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ တောင်စွန်းကျေးရွာ၊ မြို့မရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်းသိရှ်ိရပါသည်။

အဆိုပါ ပေါက်ကွဲမှုအား လုံခြုံရေတပ်ဖွဲ့ဝင်းများက သွားရောက်စစ်ဆေးရာ သောင်းကျန်းသူအကြမ်းဖက် PDF အဖွဲ့ (စိစစ်ဆဲ)မှ မိုင်းအမျိုးအစား(စိစစ်ဆဲ) ဖြင့် မြို့နယ်လျှပ်စစ်ရုံး၊ ငွေလက်ခံကောင်တာ၊ ထရန်စဖာအနီးအတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသိရှိပါသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဝင်ပေါက် သံတံခါး ၂ ချပ်၊ ဝန်ထမ်းနေအိမ်လိုင်းခန်း သစ်သားတံခါးများ ထိမှန်ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ငွေကျပ်သိန်း ၃၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ ကြောင်းသိရှိရပါသည်။

အဆိုပါပေါက်ကွဲမှုကြောင့် လျှပ်စစ်ရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် လျှပ်စစ်အလိုင်းမင်း (နေ့စားဝန်ထမ်း) ဖြစ်သူ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ တပင်ရွှေထီး ရပ်ကွက်နေ ဦးထွန်းထွန်းဦး၊ (၃၀)နှစ်၊ (ဘ)ဦးဆန်းမင်းတွင် ဝဲပခုံး ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး တောင်စွန်းတိုက်နယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန် တင်ပို့ခဲ့ရာ တောင်စွန်းတိုက်နယ်ဆေးရုံမှ သထုံမြို့နယ်ပြည်သူ့ဆေး ရုံကြီးသို့ ဆက်လက်လွှဲပြောင်းခဲ့သဖြင့် တောင်စွန်းနာရေးကူညီမှုအသင်းမော်တော်ယာဉ်ဖြင့် ပို့ဆောင်ထားရှိကြောင်း သိရှိရပါသည်။

#PAN