ဖြူးမြို့နယ်၊ ဇေယျာဝတီဆေးရုံအား အကြမ်းဖက်သမားများမှ Drop Bomb ကြဲချဖျက်ဆီးခဲ့


ဖေဖော်ဝါရီလ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်(၁၃၁/၇) ခန့်မှန်းအနီးတွင် ယနေ့ညနေ ၅ နာရီ ၄၅ အချိန်ခန့်က မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ဇေယျဝတီတိုက်နယ်ဆေးရုံအား အကြမ်းဖက်အဖွဲ့ KNLA/PDFပူးပေါင်းအဖွဲ့မှ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် မြို့အုပ်ချုပ်ရေးရုံး၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ ပတ္တာကျေးရွာအုပ်စု၊ ပတ္တာကျေးရွာဘက်မှ Drone အားအသုံးပြု၍ Drop Bomb ၃ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်းနှင့် ရုံးနှင့်ကပ်လျက်ရှိ ဇေယျဝတီတိုက်နယ်ဆေးရုံဝန်းအတွင်းရှိ ရင်ခွဲရုံအနီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ ကြောင်း၊ Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် လူသူထိခိုက်မှုမရှိဘဲ ရုံး နှင့် ဆေးရုံမှာ အနည်းငယ်ပျက်ဆီးခဲ့ကြောင်း သိရသည်။