ပဲခူးမြို့နယ်တွင် အများပြည်သူအသုံးပြုနေသော လျှပ်စစ်ထရမ်စဖော်မာမှ ကြိုးများခိုးယူ ဖြတ်တောက်ခြင်းခံရ


ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးကားလမ်းမဟောင်းဘေးရှိ ကလိကျေးရွာရှိ အများပြည်သူအသုံးပြုရန်အတွက် တည်ဆောက် ဆက်သွယ်အသုံးပြုနေသော ကျေးရွာသုံးလျှပ်စစ် ထရမ်စဖော်မာတွင် ချိတ်ဆက်ထားသော ကြေးကြိုးများအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့ည ၁၂ အချိန်ခန့်က ခိုးယူဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။ ခိုးယူခံရခြင်းအား နံနက် ၅ ခန့်မှသိရှိခဲ့ရကြောင်း သိရတယ်။

ယခုကဲ့သို့ အများပြည်သူအသုံးပြုနေသော ကျေးရွာသုံး လျှပ်စစ်ထရမ်စဖော်မာမှကြိုးများအား ခိုးယူဖြတ်တောက်ခံရခြင်းအပေါ် တရားခံ ဖမ်းဆီးနိုင်ခြင်း ရှိ/မရှိအပေါ်ပြည်သူအများမှ စောင့်ကြည့် အကဲခတ်လျှက်ရှိပြီး၊ ပဲခူးမြို့နယ်အတွင်း၌လညိး ဆိုင်ကယ်များနေအိမ်အတွင်း ဝင်ရောက်ခိုးယူခံရခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

PAN