ဘွန်ဒစ်လီဂါမှာ ဇာဘီအလွန်ဆို ဆက်ရှိနိုင်တယ်လို ယုံကြည်နေတဲ့ လေဗာကူဆင်အသင်း


ဖေဖော်ဝါရီ ၁၃

ဘွန်ဒစ်လီဂါ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ လေဗာကူဆင်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ဆီမွန်ရောလ်ဖက်စ် က အသင်းရဲ့နည်းပြဖြစ်သူ ဇာဘီအလွန်ဆို ကို လီဗာပူးလ်အသင်းမှ စိတ်ဝင်စားခြင်း ခံနေရပေမယ့် အသင်းမှာ ဆက်ရှိနေဦးမယ်လို ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ဇာဘီအလွန်ဆို ဟာ ကစားသမားဘဝမှာ လီဗာပူးလ်အသင်း၊ ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ် စတဲ့ ထိပ်တန်းအသင်းကြီးများမှာ ကစားခဲ့ဖူးတဲ့ ဂန္ထဝင်ကစားသမားအဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ အသင်းနည်းပြ ယာဂန်ကလော့ပ် ရာသီကုန်မှာ နုတ်ထွက်မယ့် အခြေအနေအတွက် ဇာဘီအလွန်ဆို ကို မျက်စိကျလျက်ရှိပြီး ခေါ်ယူရန် ကြိုးပမ်းနေတယ်လို သတင်းများ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။