ဘိုင်ယန်မြူးနစ်အသင်း နည်းပြနေရာကို တာ၀န်ယူဖို စိတ်၀င်စားနေတဲ့ မော်ရင်ဟို


ဖေဖော်ဝါရီ ၁၃

ပြီးခဲ့တဲ့လက ရိုးမားအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ဟို ဟာ မန်ယူအသင်းထံသို့ ပြန်လာချင်နေကြောင်း သတင်းတွေထွက်ခဲ့ပြီး အခုတစ်ခါမှာတော့ ဘိုင်ယန်မြူးနစ်အသင်း နည်းပြနေရာကိုပါ ချိန်ရွယ်နေတယ်လို့ သိရပြန်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ လက်ရှိနည်းပြဖြစ်တဲ့ တူချယ် ကို ရာထူးကနေထုတ်ပယ်လိုက်ပါက မော်ရင်ဟို အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်း နည်းပြအဖြစ် တာဝန်ယူချင်နေတယ်လို့ သတင်းတွေက ဖော်ပြနေခဲ့ကြတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ ဘွန်ဒက်လီဂါမှာ လေဗာကူဆင်အသင်းထက် ၅ မှတ်လျော့ အနေအထား ဖြစ်နေတဲ့အတွက် တူချယ် ကို ရာထူးကနေထုတ်ပယ်ဖို့ တောင်းဆိုမှုတွေရှိနေတာ ဖြစ်ပါတယ်။