ကောလင်းမြို့အတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်


ဖေဖော်ဝါရီ ၁၀

      KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ မြို့လုံခြုံရေး ထုတ်နှုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတို့အား တိုက်ခိုက်ခဲ့ပြီး  မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက် ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူ ဒေသခံများ၏နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီး ခြင်း စသည့် အကြမ်းဖက်အဖျက် အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။

အကြမ်းဖက်သမားများအနေဖြင့် ကောလင်းမြို့အား စစ်ကိုင်းတိုင်းဒေသကြီး၏ တောင်ဘက်နှင့် မြောက်ဘက် ဆက်သွယ်မှုအရ အရေးကြီး သောမြို့ဖြစ်ခြင်း၊ ကောလင်းမြို့ အနီးရှိ သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်တွင် တရားမဝင်လုပ်ကိုင်လျက်ရှိသည့် ရွှေလုပ်ကွက်နှင့် ရေနံလုပ်ကွက်များကို ထိန်းချုပ်နိုင်သည့် နေရာဖြစ်ခြင်းတို့ကြောင့် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကောလင်းမြို့သို့ အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက် အကြမ်းဖက်လုပ်ရပ် ကျူးလွန်မှုအပေါ် နီးစပ်ရာ တပ်ရင်း၊ တပ်ဖွဲ့ရှိ တပ်မတော်သားများနှင့် လှုပ် ရှား စစ်ကြောင်း တစ်ကြောင်းမှ တန်ပြန်ချေမှုန်းရေး ဆောင်ရွက်ခဲ့သော်လည်း တစ်ချိန် တည်း၊ တစ်ပြိုင်တည်းတွင် ထီးချိုင့်မြို့အား အကြမ်းဖက်သမားများ၏ လက်အောက်သို့ မကျရောက်ရေး အတွက်လည်း အင်အားဖြန့်ခွဲ၍ စစ်ကူပစ်ကူ ပေးခဲ့ရခြင်းကြောင့် ကောလင်းမြို့အား တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များမှ သင့်တင့်သောအင်အား အသုံးပြု၍ ဝိုင်းပတ်ပိတ်ဆို့ ထားရှိခဲ့သည်။

တစ်ချိန်တည်းတွင် ကောလင်းမြို့ခံ ဝန်ထမ်းများ၊ အရပ်သားများအနေဖြင့် အကြောင်းမဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရမှု၊ အနိုင်ကျင့်ခံရမှုအပေါ် တုန့်ပြန်နိုင်ရေးနှင့် နှိပ် စက်မှုများကို လက်မခံနိုင်သည့် ကျေးရွာများမှ လူငယ်များ၊ လူလတ်ပိုင်းများ အနေဖြင့် လည်း ဝန်းသို၊ ကန့်ဘလူ မြို့နယ်ရှိ နီးစပ်ရာ တပ်ဌာနချုပ်များမှ လှုပ်ရှားလုံခြုံရေး အဖွဲ့နှင့် ပူးပေါင်း၍ မြို့၊ ရွာကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် တောင်းဆိုမှုများအရ ရပ်ရွာလုံခြုံရေး၊ မြို့ရွာကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ တပ်မတော်မှလည်း လိုအပ်သည့် စစ်ကူ၊ ပစ်ကူ အင်အားများ ဖြည့်တင်းခြင်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်မှ ၂၀၂၄ ဇန်နဝါရီလ တတိယအပတ်အထိ လည်းကောင်း ပြင်ဆင ်လေ့ကျင့်ခြင်းနှင့် လိုအပ်သည့် စုဖွဲ့မှုများကိုဆောင်ရွက်ခဲ့သည်။

ထို့ကဲ့သို့ အင်အားစုဖွဲ့ပြီးနောက် တပ်မတော်စစ်ကူစစ်ကြောင်းများအနေဖြင့် ကောလင်းမြို့ အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက်သမား များအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation) ဆောင်ရွက်ရန်အတွက် ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့သို့ ရောက်ရှိကြရာ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများက သောင်း သောင်းဖြဖြကြိုဆို အားပေးခဲ့ကြသည်။ ထိုမှတစ်ဆင့် တပ်မတော်စစ်ကြောင်းများသည် ကောလင်းနယ်မြေအတွင်းသို့ စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုတ်ယူ၍ လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ချီတက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ကောလင်းမြို့အား ယနေ့တွင် အပြီးတိုင် ပြန် လည် ထိန်းချုပ်ထားနိုင်ခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် ကောလင်းမြို့အတွင်းသို့ ရောက်ရှိနေစဉ် အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက် အဦများ၊ လူနေအိမ်များတွင် တာယာကွင်းများ၊ သဲအိတ်များစီ၍ ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီး ကျောင်းများ၊ လူနေအိမ် အဆောက်အဦများအကြားနှင့် အများပြည်သူ သွားလာ အသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူ များကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက် ခြင်းများကို လုပ်ဆောင် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (Rules of Engagement-ROE)နှင့်အညီ ဆောင်ရွက် ခဲ့ရသည်။

      လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ ချီတက်တိုက်ခိုက်ချေမှုန်းခဲ့မှုများ ကြောင့် အကြမ်းဖက်သမားများသည် လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

      ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊   အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။

      KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏  အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းကြောင့် မြို့တွင်းရှိ အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို  နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

      လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကောလင်းမြို့မှ နေရပ်စွန့်ခွာဒေသခံ ပြည် သူများ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အကြမ်းဖက်သမားများကြောင့် ယိုယွင်း ပျက်စီး ခဲ့ရသည့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း စသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။