အုတ်ဖိုမြို့နယ်၊ တာဆုံရဲကင်းအား အကြမ်းဖက် PDF အဖွဲ့က လာရောက်ပစ်ခတ်


ဖေဖော်ဝါရီ ၉

ယနေ့နံနက်ပိုင်မှာ ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာ၀တီ ခရိုင်၊ အုတ်ဖိုမြို့နယ်၊ တာဆုံရဲကင်းအား အကြမ်းဖက် PDF အဖွဲ့က လာရောက်ပစ်ခတ်သောကြောင့် အပြန်အလှန်ပစ်ခတ်မှု ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ အုတ်ဖိုမြို့နယ်ရှိ မင်းလှ ဆည် ရှင်းလင်းရေးအဆောင်ကိုလည်း အကြမ်းဖက် PDF မှ မီးရှို့ဖျတ်စီးခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ အုတ်ဖိုမြို့နယ်၊ တာဆုံရဲကင်းအား ယနေ့နံနက် ၅ နာရီအချိန်ခန့် တွင် အကြမ်းဖက် PDF အဖွဲ့က လာရောက်ပစ်ခတ်ရာ အပြန်အလှန်ပစ်ခတ်မှု ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ ထိတွေ့တိုက်ပွဲအတွင်း ထိခိုက်ဒါဏ်ရရှိမှု အခြေနေကိုတော့ မသိရှိရသေးပါဘူး၊ ယနေ့နံနက်ပိုင်မှာပဲ အုတ်ဖိုမြို့နယ်ရှိ မင်းလှ ဆည် ရှင်းလင်းရေးအဆောင်ကိုလည်း အကြမ်းဖက် PDF မှ မီးရှို့ဖျတ်စီးခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

PAN