မြန်မာနေရှင်နယ်လိဂ်ကို ပြန်ရောက်လာတဲ့ ကျော်ကိုကို


ဖေဖော်ဝါရီ ၉

မြန်မာဘောလုံးချစ်ပရိသတ်တွေ သဘောကျကြိုက်နှစ်သက်တဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ကျော်ကိုကို ဟာ မြန်မာနေရှင်နယ်လိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်လိုက်ပြီဖြစ်ပါတယ်။


ကျော်ကိုကို ဟာ ရန်ကုန်ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြ ကစားခဲ့တဲ့သူဖြစ်ပါတယ်။ ကျော်ကိုကို ဟာ ၂၀၁၈ ခုနှစ် ကနေစတင်ပြီး အိမ်နီးချင်း ထိုင်းလိဂ်ကလပ်အသင်းတွေမှာ သွားရောက်ကစားခဲ့ကာ နောက်ဆုံးကစားခဲ့တဲ့ ဖရေးယူနိုက်တက်အသင်း နဲ့လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ယူနိုက်တက်အသင်းဟာ ကျော်ကိုကိုနဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို ထုတ်ပြန်ကြေညာ လိုက်တဲ့ အတွက် MNL ပြိုင်ပွဲတွေမှာ ကျော်ကိုကို ကို ပြန်လည်တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ရှိသေးတဲ့ ကျော်ကိုကို ဟာ မြန်မာနေရှင်နယ်လိဂ်မှာ တကျော့ပြန် တောက်ပနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။