မင်္ဂလာဒုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် စက်ဘီးစီးနင်းလာသူတစ်ဦးအား တက္ကစီကားတစီးမှ တိုက်မိသဖြင့် စက်ဘီးစီလာသူ သေဆုံး


ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သဃ်န်းကျွန်းကြီးကျေးရွာ အမှတ် (၃) လမ်းမမြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယမန်နေ့ ၉နာရီအချိန်ခန့်က စက်ဘီးစီးနင်းလာသူတစ်ဦးအား တက္ကစီကားတစ်စီးမှ တိုက်မိကြောင်း သိရသည်။

စက်မှု့ဇုံအလယ်ပေါက်ဘက်မှ အလုပ်ပြန်လာသောစက်ဘီးစီးနင်းလာသူတစ်ဦးကို တက္ကစီကားတစ်စီးမှ တိုက်မိပြီး မောင်းပြေးသွားရာကားတိုက်ခံရသူ (အမည်မသိ နေရပ်မသိ)မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီးအလောင်းအား မေဓာဝီဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရှိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews