မင်းလှမြို့နယ်၊ ရွှေဝါမြိုင်ကျေးရွာရှိ အုပ်ချပ်ရေးမှူး ဦးမြင့်ဟန် အား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်


ဖေဖော်ဝါရီ ၉

ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာ၀တီ ခရိုင်၊ မင်းလှမြို့နယ်၊ ရွှေဝါမြိုင်ကျေးရွာရှိ အုပ်ချပ်ရေးမှူး ဦးမြင့်ဟန်၊ ၆၄ နှစ် အား အကြမ်းဖက် PDF များမှ လာရောက်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

၎င်း ကျေးရွာအုပ်ချပ်ရေးမှူး ဦးမြင့်ဟန် သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့မှ လူငယ် ၂ ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အကြမ်းဖက် PDF အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

PAN