ကာတိုက်(ဘ်)ဟစ်ဇဘိုလာ တပ်မှူး တိုက်ခိုက်ခံရပြီး သေဆုံး

ဖေဖော်ဝါရီ ၉

အီရတ်နိုင်ငံ အခြေစိုက် ကာတိုက်(ဘ်)ဟစ်ဇဘိုလာအဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဟာ အီရတ်နိုင်ငံ ဘဂ္ဂဒက် မြို့တော်မှာ ဖေဖော်ဝါရီလ ၇ ရက် ညပိုင်းက ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားတယ်လို ဒေသတွင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲသည် အမေရိကန်တပ်ဖွဲဝင် ၃ ယောက်သေဆုံးမှုမှာ တာဝန်ရှိတယ်လို ပင်တဂွန် စစ်ဌာနချုပ် က သတ်မှတ်ထားသည့် အီရန်ကျောထောက်နောက်ခံပေးထားတဲ့ အီရတ်အခြေစိုက် ဟစ်ဇဘိုလာအဖွဲ ဖြစ်ကြောင်း သိရသည်။ ဒရုန်းတိုက်ခိုက်မှုသည် အီရတ်၏ နာမည်ကျော်ပြည်သူ့စစ် (PMF) အဖွဲ အသုံးပြုနေတဲ့ ယာဉ်တစ်စီး ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ လူ ၃ ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီပြည်သူ့ စစ်အဖွဲ (PMF) ဟာ အီရန် နဲ့နီးစပ်တဲ့ လက်နက်ကိုင်အဖွဲပေါင်း ဒါဇင်များစွာနဲ့ဖွဲစည်းထားတဲ့ အစိုးရလုံခြုံရေး အဖွဲအစည်းတစ်ခု ဖြစ်သည်။

ကာတိုက်(ဘ်) ဟစ်ဇဘိုလာ တိုက်ခိုက်ရေးသမားများနှင့် တပ်မှူးများသည်လည်း(PMF)ရဲ့ အဖွဲဝင်များ ဖြစ်ကြသည်။ ဇန်နဝါရီလအတွင်းက ဒရုန်းတိုက်ခိုက်မှုကြောင့် ဂျော်ဒန်နယ်ခြားဒေသမှာ အမေရိကန် တပ်ဖွဲဝင်များသေဆုံးခြင်းသည် ကာတိုက်(ဘ်) ဟစ်ဇဘိုလာအဖွဲရဲ့ ခြေရာလက်ရာတွေကို တွေ့ရတယ်လို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောခဲ့သည်။ အဆိုပါ ဖြစ်စဉ် နောက်ပိုင်းတွင် ကာတိုက်(ဘ်) ဟစ်ဇဘိုလာ အဖွဲ့က ဒေသတွင်း အမေရိကန်တပ်တွေအပေါ် စစ်ဆင်ရေးများကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။