အင်းစိန်‌ထောင်အနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား


ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းပေါ်အင်းစိန်ထောင်နှင့် အင်းစိန်မီးသတ်အနီးတွင်တည်ရှိသည့် စျေးကုန်းအနောက်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့မွန်းတည့် ၁၂ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ကားတစ်စီးပျက်ဆီးပြီ လူထိခိုက်မှုမရှိကြောင်း သိရသည်။ အဆိုပါ အင်းစိန်ထောင်ပင်မဂိတ်ရှိ ထောင်ဝင်စာလက်ခံသည့်နေရာတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ (၁၉) ရက်ကလည်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၈ ဦး ‌​သေဆုံးခဲ့ပြီး ထောင်ဝန်ထမ်းများအပါအဝင် ၁၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

PAN