လူမှုအကျိုးပြု လုပ်ငန်းများတွင် ကြိုးပမ်းခဲ့တဲ့ မြန်မာနှင့် အိန္ဒိယအသိုင်းအဝိုင်းမှ ၈၃ ဦးကို အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓငြိမ်းချမ်းရေး ဆုများချီးမြှင့်


ဖေဖော်ဝါရီ ၈

Maitry Peace Foundation က ပေးအပ်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲ(International Buddha Peace Award) အခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို၌ ဖေဖော်ဝါရီလ ၅ ရက်၊ ညနေ ၆နာရီမှ ည ၉ နာရီအထိ ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားမှာ မြတ်ဗုဒ္ဓရဲ့လမ်းညွှန်ချက်များနှင့်အညီ ကမ္ဘာ့ငြိမ်းချမ်းရေး၊ လူသားအချင်းချင်း စာနာထောက်ထားရေးနှင့် တန်းတူဖွံဖြိုး တိုးတက်စေရေးတိုအတွက် လူမှုအကျိုးပြုလုပ်ငန်းများမှာ စွမ်းစွမ်းတမံ ထူးချွန်ပြောင်မြောက်အောင် ကြိုးပမ်းလျက်ရှိတဲ့ မြန်မာနှင့်အိန္ဒိယအသိုင်းအဝိုင်းများမှ ဂုဏ်ပြုထိုက်သူ ၈၃ ဦးကို မြန်မာသံအမတ်ကြီးနှင့် ဒုတိယဝန်ကြီး H.E. Mr. Ramdas Athawale တိုက International Buddha Peace Award 2024 ဆုများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားသို အထူးဧည့်သည်အဖြစ် အိန္ဒိယလူမှုရေးရာ တရားမျှတမှုနှင့် အခွင့်အလမ်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Ramdas Athawale နှင့် ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ကုသိနာရုံ မြန်မာ ကျောင်းတိုက်မှ အဓိပတိပဓာန နာယ ကဆရာတော် အဘိဓဇမဟာရဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ တိုက တက်ရောက်ချီးမြှင့်ပေးအပ် ခဲ့တယ်လို သိရပါတယ်။

အဆိုပါ အခမ်းအနားကို မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဒုတိယဝန်ကြီး H.E. Mr. Ramdas Athawale တိုက ဆီမီးထွန်းညှိဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားအစီအစဉ်အရ မြန်မာသံ အမတ်ကြီး နှင့် ဒုတိယဝန်ကြီးတိုက အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြပြီး ကုသိနာရုံ မြန်မာကျောင်းဆရာတော်ကြီး အဘိဓဇမဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရမှ သြဝါဒ အမှာစကား မိန့်ကြားခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓငြိမ်းချမ်းရေးဆုရရှိကြတဲ့ လူမှုထူးချွန်သူများအနေနဲ့ မိမိတိုလူမှုပတ်ဝန်းကျင်ငြိမ်းချမ်းရေး၊ ဖွံဖြိုး တိုးတက်ရေး အတွက် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်း မြန်မာသံအမတ်ကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။