ပါကစ္စတန်တွင် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲစတင်ချိန်တွင် အင်တာနက်အသုံးပြုမှုဖြတ်တောက်ထား


ဖေဖော်ဝါရီ ၈

ပါကစ္စတန်တွင် ရွေးကောက်ပွဲစတင်ချိန်တွင် အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
မကြာသေးမှီက ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအား အကြောင်းပြကာ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူမှ ဆိုသည်။
Wifi ဖြင့်အသုံးပြုရသော ကွန်ယက်များ အသုံးပြု၍ ရသော်လည်း ဖုန်းခေါ်ဆိုမှုနှင့် ဒေတာဝန်ဆောင်မှုများအား ရပ်ဆိုင်းထားကြောင်းသိရသည်။
မငြိမ်မသက်ဖြစ်နေသော ပါကစ္စတန်နိုင်ငံ Balochistan ပြည်နယ်တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၈ ဦးထိသေဆုံးခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်တွင် ပါကစ္စတန်နိုင်ငံရှိ မဲရုံများနှင့် နေရာအနှံ့အပြားတွင် လက်နက်ကိုင်အစောင့်များ ထူထပ်စွာချထားပြီး လုံခြုံရေးတပ်လှန့်ထားကြောင်းသိရသည်။
ပါကစ္စတန်တွင် သတင်းစီးဆင်းမှုအားထိန်းချုပ်ရန် ယခင်ကလည်း ပိတ်ပင်ခဲ့ဖူးသော်လည်း ရွေးကောက်ပွဲကာလအတွင်း ပိတ်ပင်မှုမျိုး မရှိခဲ့ကြောင်းသိရသည်။

PAN