ဇရပ်ကြီးမြို့အတွင်း လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ အကြမ်းဖက်သောင်းကျန်းသူများက ပရဟိတ လုပ်ငန်းသုံးယာဉ်များ အသုံးပြု၍ လက်နက်/ခဲယမ်းသယ်ဆောင်ခြင်းများ လုပ်ဆောင်နေ

ဖေဖော်ဝါရီ ၈

ရက်ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့ နယ်၊ ဇရပ်ကြီးမြို့အတွင်းကို ယနေ့နံနက် ၆ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှင်းလင်းရာ အသေးစိတ်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများမှ ဇရပ်ကြီးဒေသဖွံ့ဖြိုးရေးအတွက် အထူးအရေးပါသည့် ကျွဲပွဲ – ဇရပ်ကြီးသွားကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား ( အရှည် ၁၂၀၀ ပေ ) သံကူကွန်ကရစ်အမျိုးအစား အများပြည်သူသွားလာ အသုံးပြုလျက်ရှိသော မြို့ ဆိုးတံတားအားဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် တပ်မတော်စစ်ကူစစ်ကြောင်းများဇရပ်ကြီးမြို့ သို့ အချိန်မီ မရောက်ရှိစေရေးအတွက်တံတားလုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားသုံးပစ်ခတ်တိုက်ခိုက်၍ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီးမှ ဇရပ်ကြီးမြို့ အတွင်းရှိ နယ်မြေခံတပ်ရင်းအား အာရုဏ်ဦးဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း ဇရပ်ကြီးမြို့ အရှေ့ဘက်အခြမ်းတွင် ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ ဇရပ်ကြီးမြို့ အတွင်းနှင့် တပ်ရင်းဌာနချုပ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်များအတွင်း ကားလမ်းဘေးနေရာတစ်ခု၌ လမ်းဘေး ထိုးကျ ပျက်စီးနေသည့် အလင်းစေတမန် ပရဟိတအသင်းလူနာသယ် ယာဉ်တစ်စီးအား တွေ့ရှိခဲ့ပြီး ယာဉ်အားရှင်းလင်းခဲ့ရာ ယာဉ်ပေါ်တွင် သောင်းကျန်းသူ အလောင်းအချို့နှင့် အသင့်ထုပ်ပိုးထားသည့် လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း အချို့တို့ကို သိမ်းဆည်း ရရှိခဲ့သည်။ KNLA အဖွဲ့နှင့် PDFအမည်ခံအကြမ်းဖက် သမားများအနေဖြင့် ပရဟိတလုပ်ငန်းခေါင်းစဉ် အကြောင်းပြ၍အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများ သယ်ဆောင်ခြင်း၊အကြမ်းဖက်လုပ်ငန်းတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို သယ်ယူပို့ဆောင်ခြင်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်တွေ့ရှိရကြောင်း သိရသည်။

တစ်ချိန်တည်းတွင် ဇရပ်ကြီးမြို့ အနောက်ဘက် ကျေးရွာများအတွင်း လုံခြုံရေးလုပ်ငန်းများ အသေးစိတ်ဆောင်ရွက်ခဲ့ရာ … သောင်းကျန်းသူများခိုအောင်းခဲ့ပြီးတပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် ကျန်ရှိခဲ့သည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအားကားလမ်းဘေးအဆောက်အဦအတွင်း သောင်းကျန်းသူအလောင်းအချို့နှင့်အတူ ထပ်မံသိမ်းဆည်းရရှိခဲ့သော်လည်း သောင်းကျန်းသူအလောင်းများမှာ ပုံဖြင့်ဖော်ပြရန်မသင့်သဖြင့် ချန်လှပ်ထားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်စစ်ကြောင်းများ၏တိုက်ခိုက်မှု၊ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူပေးမှုတို့ကြောင့် အထိနာစွာဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် မြို့တွင်းရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့ရာ . ကျေနပ်မှုမရှိသည့် ဒေသခံပြည်သူအချို့ ၏ ရိုက်ကူးထားသောမှတ်တမ်းဓာတ်ပုံများကို နာကြည်းမှုဖြင့် ပေးပို့လာကြောင်း တွေ့ရှိရသည်။

KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပရဟိတလုပ်ငန်းများကို အကြောင်းပြ၍ ဟန်ပြ လူနာတင်ယာဉ်များဖြင့် လူနှင့်လက်နက်/ခဲယမ်း သယ်ဆောင်ခြင်းများကို လုပ်ဆောင်နေကြောင်း သိရှိရသဖြင့် မိဘပြည်သူများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မိမိတို့နေထိုင်သော မြို့/ရွာများအတွင်း အကြမ်းဖက် သမားများ၏ အဖျက်လုပ်ရပ်များဆောင်ရွက်မှုနှင့်ပတ်သက်၍ သိရှိရပါက သက်ဆိုင်ရာသို့လျှို့ဝှက်စွာလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်သတင်းပေးပို့နိုင်ပါကြောင်းနှင့်ဇရပ်ကြီးမြို့အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို အသေးစိတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အတင်းမှန်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထားသည်။

#PAN