အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အာရှဖလား‌ဗိုလ်လုပွဲတက်ခဲ့တဲ့ ဂျော်ဒန်

ဖေဖော်ဝါရီ ၇

၂၀၂၃ အာရှဖလား ပြိုင်ပွဲတစ်လျှောက်မှာ ရှုံးပွဲမရှိသေးတဲ့ တောင်ကိုးရီးယားအသင်းကို ဂျော်ဒန်အသင်းက ၂ ဂိုးပြတ်အနိုင်ယူပြီး မှတ်တမ်းသစ်တစ်ခုရေးထိုးသွားခဲ့ပါတယ်။

ဂျော်ဒန်အသင်းသည် လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် အာရှဖလားဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး အီရန် – ကာတာပွဲစဉ်မှ အနိုင်ရသည့်အသင်းနှင့် ဗိုလ်လုပွဲယှဥ်ပြိုင်ကစားမည်ဖြစ်ပါတယ်။