ရေးမြို့နယ်၊ ရွှေပြည်သာကျေးရွာ၏ အနောက်ဘက် ရာဘာခြံ၌ အခြေပြုလျှက်ရှိသော ပြည်သူ့စစ်အဖွဲ့ကို အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား


ဖေဖော်ဝါရီ ၇
ယမန်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ် ၊ရေးမြို့နယ် ရွှေပြည်သာကျေးရွာ၏အနောက်ဘက် ရာဘာခြံ၌ အခြေပြုလျှက်ရှိသော ပြည်သူ့စစ်အဖွဲ့ကို လက်နက်ကိုင်အကြမ်းဖက်သမား ၂၀ ဦးခန့်က လာရောက်ပစ်ခတ်မှုဖြစ်ပွား၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ထိုသို့ပစ်ခတ်မှုများ ဖြစ်ပွားရာနေရာသို့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် လုံးခြုံရေးတပ်ဖွဲ့ဝင်များလာရောက်ပစ်ကူရှင်းလင်းရာ အကြမ်ဖက်အဖွဲ့များသည် ဒူးယားကျေးရွာဘက် သို့ထွက်ပြေးသွား ကြောင်းသိရှိရပါသည်။

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် ကျော်မင်းလတ် (၂၇)နှစ်၊(ဘ) ဦးကျော်အောင်၊ မွန်/ဗုဒ္ဓ၊ မှတ်ပုံတင်(စိစစ်ဆဲ)၊အောင်မေတ္တာရပ်ကွက်၊ ရေးမြို့နေသူတွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာရင်ဘတ် ကျည်ဖောက်ဝင်/ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲလက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သွားခဲ့ကြောင်း သိရှ်ိရပါသည်။

အဆိုပါ‌သေဆုံသူကို အောင်မေတ္တာလူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး လုံထုံလုပ်ငန်စဉ်များအတိုင်း ဆက်လက် ဆောင်ရွက်လျှက်ရှ်ိကြောင်း သိရှိရပါသည်။

အကြမ်းဖက်သမားများ ထွက်ပြေးသွားရာ ဘက်သို့ ပူးပေါင်းအဖွဲ့များဖြင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရန် ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရပါသည်။

PAN