ဖားကန့်မြို့နယ်၊ မအူပင်ကျေးရွာအတွင်းမှ အကြမ်းဖက် KIA/PDF ပူးပေါင်းအဖွဲ့နှင့် နယ်မြေလှုပ်ရှားစစ်ကြောင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား


ဖေဖော်ဝါရီ ၇

ယနေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မအူပင်ကျေးရွာအတွင်းမှ အကြမ်းဖက် KIA/PDF ပူးပေါင်းအဖွဲ့က လူနေအိမ်များကိုအကာ အကွယ်ယူကာ နယ်မြေစိုးမိုးရေးလှုပ်ရှားစစ်ကြောင်းကို လက်နက်ကြီးများဖြင့် ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းမှ ကျည်လာရာနေရာသို့ ပြန်လည်ပစ်ခတ် ဖြိုခွင်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ပြန်လည်ပစ်ခတ်မှုကြောင့်အကြမ်းဖက် KIA/PDF တို့က ဆုတ်ခွာသွားချိန် ရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရွာသားအသွင်ယူထားသည့် အကြမ်းဖက်ဟုသံသယရှိသူအချို့ကို တပ်မတော်စစ်ကြောင်းအဖွဲ့က ခေါ်ယူမေးမြန်းစစ်ဆေးမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရှ်ိရပါသည်။

PAN