ချမ်းအေးသာစံမြို့နယ်တွင် ဆေးလိပ်တိုအား မီးမငြှိမ်းဘဲ ပစ်ထားရာမှ မီးလောင်မှုဖြစ်ပွား


ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက်၊ ၂၉လမ်း၊ ၈၆×၈၇ လမ်းကြားရှိ နေအိမ်တစ်လုံး ယနေ့မွန်းလွဲ ၂ နာရီ ၄၃ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အိမ်ရှင်ဖြစ်သူ ဦးသန်းမြင့်၊ ၆၃နှစ်၊ (ဘ)ဦးနွဲ့၊ ပိုင်ဆိုင်သည့် ပေ ၄၀ ပတ်လည်၊ RC ၃ ထပ်တိုက်၏ ပထမထပ်၊ အိပ်ခန်းအတွင်းရှိ ပလတ်စတစ် အမှိုက်ပုံးအတွင်းသို့ ဆေးလိပ်တိုအား မီးမငြှိမ်းဘဲ ထည့်ထားခဲ့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့​​ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် မွေ့ယာ ၁ ခု၊ အခန်းတွင်းရှိပစ္စည်းများ ၊အဲယားကွန်း ၁ လုံး၊ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

PAN