အင်ဒိုနီးရှားဖူဆယ်အသင်းများနှင့် ခြေစမ်းပွဲကစားရန် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းထွက်ခွာ

ဖေဖော်ဝါရီ ၆

ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အင်ဒိုနီးရှားဖူဆယ်အသင်းများနှင့် ခြေစမ်းပွဲကစားရန် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asain Cup 2024 ပြိုင်ပွဲ အတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး မနေ့က အင်ဒိုနီးရှား နိုင်ငံ Surabara မြို့သို့ လေ့ကျင့်ရေး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ထွက်ခွာသွားခြင်းဖြစ်ပါတယ်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ဖေဖော်ဝါရီ (၇) ရက်နှင့် (၉) ရက် တို့တွင် အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်းနှင့်၊ ဖေဖော်ဝါရီ (၁၀) ရက်တွင် Regional East Java Team နှင့်ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်းသိရပါတယ်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းတွင် အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင်(၈) ဦး၊ ကစားသမား(၁၉) ဦး လိုက်ပါသွားကြောင်း သိရပါတယ်။

၂၀၂၄ အာရှဖလားဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ဧပြီ (၁၇)ရက်မှ (၂၈)ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင် ထိုင်း၊ ဗီယက်နမ်၊ တရုတ်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။