မာတီနက်ဇ်ဒဏ်ရာ စိုးရိမ်ရကြောင်း မန်ယူနည်းပြ တန်ဟတ် ပြော

ဖေဖော်ဝါရီ ၆

တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို (၃)ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ နောက်ခံကစားသမား မာတီနက်ဇ်ရဲ့အခြေအနေ အလွန်ဆိုးရွားဖွယ်ရှိတယ်လို့ မန်ယူနည်းပြတန်ဟတ်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လကမှ ခြေဖဝါးဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရာရကနေ ပြန်ကောင်းလာတဲ့ မာတီနက်ဇ် ဒဏ်ရာရခဲ့တာဟာ သူ့အတွက် ပုဂ္ဂိုလ်ရေးကံဆိုးမှုဖြစ်တယ်လို့ နည်းပြတန်ဟတ်က ဆိုပါတယ်။

မာတီနက်ဇ်ဟာ ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းနောက်ခံလူ ကူဖယ်လ်ကိုကာပြီး ဂိုးလွန်ဘောလုပ်ဖို့ကြိုးစားရင်း ဒဏ်ရရခဲ့တာပါ။ ဒါကြောင့် ပွဲချိန်(၇၁)မိနစ်မှာ မာတီနက်ဇ်ဟာ ဗာရန်းနဲ့ လူစားလဲခဲ့ရပါတယ်။

မာတီနက်ဇ်ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး နည်းပြတန်ဟတ်က “ကျွန်တော် သေချာမပြောနိုင်ပေမယ့် အခြေအနေက မကောင်းပါဘူး။ စိုးရိမ်စရာကောင်းပါတယ်။ ဒဏ်ရာကိုစစ်ဆေးဖို့အတွက် ရက်အနည်းငယ်စောင့်ရပါမယ်။ ဒါက သူ့အတွက် အလွန်ဆိုးသလို အသင်းအတွက်လည်း အလွန်ဆိုးပါတယ်။ သူဟာ ကျွန်တော်တို့အတွက် အလွန်အရေးပါတဲ့ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။

နောက်ပိုင်း ပွဲစဉ် တွေမှာ ရလဒ်ပိုင်း ကောင်းမွန်နေတဲ့ မန်ယူအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေး ဇယားရဲ့ အဆင့်(၆)နေရာကို တက်ရောက်နိုင်ခဲ့ပါတယ်။